မကွေးကုန်စည်ဒိုင်တွင်တစ်ပတ်အတွင်းပဲတီစိမ်းစျေးကျကာကုလားပဲ၊ပဲထောပတ်နှင့်ပဲစဉ်းငုံးနီ
စျေမြင့်တက်
ရက်စွဲ၊ ၃.၈.၂၀၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးကုန်စည်ဒိုင်တွင် ပဲမျိုးစုံတို့အရောင်းအဝယ်ဖြစ်လျှက်ရှိရာ တစ်ပတ်အတွင်းကာလတူ (၂၆.၇.၂၀၂၂)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက၊ ပဲတီစိမ်း(၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင်(၄၆၀ဝဝ)ကျပ်စျေး ယခု တစ်ပတ်တွင်(၄၃၅ဝဝ)ကျပ်စျေးဖြစ်သည့်အတွက် (၂၅ဝဝ)ကျပ်စျေးကျကာ၊ ကုလားပဲ(HL)(၁၉)ပိဿာ(၁)တင်းလျှင် ယခင် တစ်ပတ်တွင်(၄၉၀ဝဝ)ကျပ်၊ ယခုတစ်ပတ်တွင်(၄၉၃ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၃ဝဝ)ကျပ်၊ ကုလားပဲ(သေး)(၁၉)ပိဿာ (၁)တင်းလျှင် ယခင်တစ်ပတ်တွင်(၄၇၅ဝဝ)ကျပ်၊ ယခုတစ်ပတ်တွင်(၄၈၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၅ဝဝ)ကျပ်၊ ပဲထောပတ်(၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင်(၄၄၅ဝဝ)ကျပ်၊ ယခုတစ်ပတ်တွင်(၄၅၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၀ဝဝ)ကျပ်၊ ပဲစဉ်းငုံနီ(သစ်)(၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင်(၄၇၀ဝဝ)ကျပ်၊ ယခုတစ်ပတ်(၅၀၀ဝဝ)ကျပ်စျေးဖြစ် သည့်အတွက်(၃၀ဝဝ)ကျပ်အသီးသီးတို့ စျေးတက်ခဲ့ကာ အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်းသိရှိရပါသည်။
ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန